သမီး Angel ၉ လ သမီးတုန်းက ပုခက်ထဲမှာ မတ်တပ်ရပ်နေပုံလေးကို ကျောင်းက Notice Board မှာ အမှတ်တရ သမီးလက်ရေးလေး နဲ့ အတူ ကပ်ထားတဲ့ ပုံလေး။

Notice Board နဲ့ အတူ ၇ နှစ်သမီးလေး Angel

Old ILBC Student တွေရဲ့ သစ်သားပြားပေါ်မှာ ပုံတွေ အမှတ်တရ ဆွဲခဲ့တာလေးတွေလေ။

သမီးက power puff ဆွဲထားတဲ့ ပုံကို လှမ်းရိုက်ပေးပါ ဆိုလို့ မာမီလည်း ဒေါက်မြင့်ဖိနပ်က ၁ လက်မတောင် မရှိတရှိ လက်မ၀က်ဆိုတော့ ရသလောက်လေး လှမ်းပီး ရိုက်လာတာ။ (အပေါ်ဆုံး ညာဘက်ထိပ်က ခရမ်းရောင်ပုံက သမီး လှမ်းရိုက်ခိုင်းတဲ့ power puff picture)

ILBC 2009 Book Fair

MSI Computer laptop (၁၀လက်မ laptop) လည်း ရှိတယ်။ တစ်လုံးကို ၄ သိန်းကျော်တယ်။ ခလေးတွေ သုံးမှာဆိုတော့ ကြာကြာခံဖို့ကတော့ အရည်အသွေး ကောင်းပီး အကြမ်းခံမှ ပဲ ရလိမ့်မယ်။ နို့မို့ဆို ပိုက်ဆံ ၂ ခါ ကုန်မှာ။ Accer နဲ့ MSI ကတော့ နာမည်ကြီးပါပဲ။ သမီးက wireless အင်တာနက် သုံးပီး ကွန်ပြူတာ စမ်းသုံးနေတာ။ ( စမ်းနေတာပါ။ မ၀ယ်ပါဘူး
)

Pilot Pen

ဒီနေ့ စာအုပ်ပွဲမှာ သားသားအတွက်ပဲ ၀ယ်လာဖြစ်တယ်။ သမီးဆီမှာ School Dictionary စာအုပ် ရှိပီးသားမို့လို့ ဒီနှစ် ထပ်မ၀ယ်ဖြစ်ပေမယ့် ကြည့်တော့ ကြည့်ဖြစ်တယ်။ တစ်အုပ်ကို ၄သောင်းကျော်တယ်။ သမီးထပ် အတန်း နည်းနည်းကြီးတဲ့ အတန်းတွေ သုံးတဲ့ dictionary စာအုပ်။

ဒါက play N learn လုပ်တဲ့ စာအုပ်။ made in India က စာအုပ်တွေ။ အကွက်လေးတွေထဲမှာ လိုက်ဖြည့်တာ။ 2 years – 4 years ထိ


Go Go ဆို သမီးက ကြိုက်မှ ကြိုက်။ Go Go - Play N Learn card

သားသားအတွက် story book ၀ယ်နေတာ။ တစ်အုပ်ကို ၂၀၀၀ ကျပ်

Heaven အတွက် story book ကို သမီးကိုယ်တိုင် ရွှေးပေးနေတာ။ သမီးအတွက်ကိုတော့ စာပေလောက စာအုပ်တိုက်မှာ ၀ယ်မယ်တဲ့။ သမီးက …

Hannah-Montana story book လည်း ရှိတယ်။ သမီးကို ယူမလားဆိုတော့ သမီးက မကြိုက်ဖူးတဲ့။ စာရွှက်တွေကတော့ မချောဘူး။ အညိုရောင်စက္ကူတွေ။ ပုံမှန်ပါပဲ။ သမီးက Internet ကနေ Hannah- Montana ကို တွေ့နေရတော့ မ၀ယ်တာလည်း ပါ ပါတယ်။ အင်တာနက်ကို မာမီတို့ မိသားစု အရမ်းကျေးဇူးတင်တယ်။ ဒီနှစ် သမီးအတွက် စာအုပ်တွေ မ၀ယ်ဖြစ်ဘူး။ စာသင်တဲ့ စာအုပ်တွေကလည်း အင်တာနက်မှာ work sheet တွေ အလကား ရနေသလို။ story book တွေကလည်း အင်တာနက်မှာ အများကြီးပဲ။ Angel က သူဘာသာသူတောင် Google ကနေ Search လုပ်တတ်နေပီ။ ကျောင်းက home work တွေကလည်း အင်တာနက်ကနေ ရှာနေရတာ ပါတယ်။
သားသားအတွက်ကတော့ လိုတယ်။ သူ့က လက်ညိုးထိုးပီး မေးရင်းနဲ့ သင်ယူတတ်တဲ့ အရွှယ်။ story book ဖတ်ပြရမယ့် အရွှယ်။ သူ့  အရမ်းစိတ်ဝင်စားတာ။ story book က မမ Angel က ဖတ်ပြတာပေါ့။ ညတိုင်း။





ပြန်ပီ။ ဒီနေ့တော့ မာမီတို့ တစ်နေကုန် အပြင်သွားကြတာပေါ့။ မနက်စာ စားပီး ၁၀း၁၅မှာ သမီး ကျောင်းကိုသွား။ ဒီနေ့က open house day တီချယ်ငယ်ငယ်နဲ့ တွေ့။ Student Report Card ကို ယူ။ Book Fair ကို သွား။ သမီးအတွက် စာအုပ်တွေ ကြည့်။ သမီးကို ကိုယ်တိုင် ရွှေးတတ်အောင် စာအုပ်တွေ ကြည့်ခိုင်း။ ရွှေးခိုင်းတယ်။ များများ စာအုပ်တွေ မြင်နေမှ သမီး စိတ်ကြိုက် ဖတ်လို့ ကောင်းတဲ့ စာအုပ်ကို ရွှေးတတ်မှာလေ။ ဒီမှာက စာအုပ်တွေ အများကြီး မြင်နေရတယ်။ အေးအေးဆေးဆေး ရွှေးခိုင်းပေမယ့် အင်တာနက်ကနေ အလကား ရတဲ့ စာအုပ်တွေ အများကြီး ဆိုတော့ မာမီလေ သိတယ်မလား။ ဟဲ ဟဲ … သမီးက စာအုပ်တစ်အုပ် ဆွဲလာလိုက် ။ မာမီက စစ်လိုက်တယ်။ ဟယ် .. ဒီစာအုပ် အင်တာနက်မှာ ရှိတယ်။ မ၀ယ်နဲ့အုံး။ အိမ်ကျရင် မာမီ ရှာပြမယ်။ ဆိုတာနဲ့ပဲ မမ Angel လည်း စာအုပ် တစ်အုပ်မှ မ၀ယ်လာဖြစ်ဘူး။ သားကျတော့ ကွန်ပြူတာ screen ပေါ်မှာ လက်ထောက်လို့ မရဘူးလေ။ မာမီက ဆွဲတာပေါ့။ အဲဒါကြောင့်မို့လို့ သားသားအတွက် လက်ညိုးထိုး မေးတတ်လွန်းလို့ ကတ်ထူ စာအုပ်တွေ ၈ အုပ်ကျော်လောက် ထပ်ဝယ်လာ ပေးလိုက်တယ်။
ကျောင်းအပြန် united living mall သွား။ ရောက်တာနဲ့ ဆော့နေကျတာ။ နေ့လည်စာ စားဖို့ ခေါ်ရတယ်။
ပီးတော့ Micheal Jackson’s This is it ကတော့ နေပြည်တော် ရုပ်ရှင်ရုံမှာ တင်နေတယ်။ ရုပ်ရှင်ရုံမှာ သားသား တစ်ခါမှ မကြည့်ဖူးသေးဘူး။ သားအတွက်တော့ ပထမဆုံး အကြိမ်နဲ့ မာမီတို့လည်း ရုပ်ရှင်ရုံမှာ မကြည့်တာ ၃ နှစ်လောက် ရှိမလားပဲ။ သွားကြည့်ကျတယ်။ မိုက်ကယ်ဂျက်ဆင်နဲ့ လွင်မိုး၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ မိုးဟေကို (သူငယ်ချင်းယောက္မ) ဟာသကား ဘာကြည့်ရင်ကောင်းမလဲး စဉ်းစားတုံး … နောက်ဆုံးတော့ ဟာသကားပဲ ရွှေးလိုက်တယ်။ ရီချင်လို့။ surrogate ကားကြော်ငြာလည်း တွေ့လိုက်သေးတယ်။ လာမယ့် အပတ်မှာ ရုံတင်မှာနဲ့တူတယ်။
သမတ္တရုံမှာ ၃း၃၀ ။ နောက်ဆုံးတန်း ၂၂၅၀ ကျပ်။ ခုံ နှစ်လုံးကို တစ်ကန့်စီဆိုတော့ နှစ်ယောက်ထိုင် ခုံကြီးနဲ့ သားအမိ ၃ယောက်။ မုန့်အပြည့် ရေအပြည့် အေးဆေးကြည့်ကျတာပေါ့။ ဘေးမှာလည်း ဆယ်ကျော်သက်တွေဆိုတော့ အေးအေးဆေးဆေးပဲ။ သားသားက ကြိုက်မှ ကြိုက်။ ပျော်နေတာ။ ရုပ်ရှင်ရုံမှာ ကြည့်ရတော့ အသံ နဲ့ မြင်ကွင်းက ပိုပီး ကြည့်လို့ကောင်းနေတယ်။ နောက်မှ နေပြည်တော်မှာ ကာတွန်းကားလေးတွေ တင်တတ်တယ်။ အဲဒီကျမှ ထပ်ပီး သွားလိုက်အုံးမယ်။
ရုပ်ရှင်ရုံမှာ ဓာတ်ပုံ ရိုက်လို့ မရလို့ မရိုက်ခဲ့ဘူး
Recent Comments